20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ ဂဒိတော်လေ ဂူလောင်းဟှာ ခရစ်တော်နှိုက် "ဟောက်မှန်ဟှယ်။" အယ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမြှော့-က်ဟှို့တွပ် ကိုယ်တော်အားဖြင့် "အာမင်" ဆိုဘီး ပြောဂေ့ဟှယ်။ 21 နန်းနို့န နို့လေဟှို ခရစ်တော်န တလောင်းတဝဒဲ့ ဖြစ်စေဘီး ဘိသိပေးသူဟှာ ဘုရားသခင် ကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။ 22 သူ့ရဲ့ လူစုဝမ်လေဟှို တဇိခတ်လိုက်ဘီး၊ လာဟှို့ နာဂတ်ကာလမာ နို့လေတွပ် အာမခံချစ်ဖြစ် ဘုရားသခင်ဟှာ နို့လေရဲ့ စိနှလောင်းထဲမာ သန်းရှင်းဟှူဝိညာဉ်တော်ဟှို ထဲ့ဟှားဟှယ်။