4 အယ်လောကဟှို စိုးရဟှူ ဘုရားဟှာ အယ်လူလေရဲ့ စိဟှို မှောန်န ဖောင်းအောက်ဟှားဟှူကြောန့် သူးနို့ဟှာ ဒန်းကောန်းဟှို ယောင်ကြည်ဂေ့ဟှ။ အယ်ကြောန့် ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူ၊ ခရစ်တော်ရဲ့ ဖောင်းသရေတော်ဖြစ်ဟှူ ဒန်းကောန်းဟှနေ ထွပ်ပေါ်လာဘီး သူးနို့ထတ်ဟှို ရော့-က်လာဟှူ လန်းရောန်ဟှို ဗြင်ရဂေ့ဟှ။ 5 နို့လေဟှာ ကိုယ့်ကြောန်းလေဟှို ဟောပြောဇာ မှုဟှ။ ယေရှုခရစ်တော်ဟှာ သခင်ဖြစ်ကြောန်း၊ နို့လေဟှာ သခင်ယေရှုတွပ် နန်းနို့ရဲ့ စေခံလေဖြစ်ကြောန်းဟှို ဟောပြောဂေ့ဟှယ်။ 6 ယေရှုခရစ်တော်ရဲ့ မျစ်နှာတော်ဟှနေဘီး ထွန်းတော့-က်နေဟှူ ဖောင်းသရေတော်ကြောန်းဟှို သိဘီးဟှာ နားလည်နိုင်ဟှို့တွပ် နို့လေရဲ့ စိနှလောင်းထဲမာ လန်းရောန်ဟှို ထွန်းလန်းစေဟှို့ ဘုရားသခင်ဟှ "မှောန်ထဲဟှနေ လန်းရောန် ပေါ်ထွပ်လေ့မယ်" ဆိုဘီး ပြောဟှားဟှူ ဘုရားသခင်ဖြစ်ဟှယ်။
Publicidade