4 အယ်မျိုး လောက်မယ့်စား ဆင်းရဲဒေါက်ခလေ၊ ခတ်ခဲဇာလေန ကျတ်တဲဇာလေဟှို စိရှယ်သီးခံဘီး ကိစဂူလောင်းဟှို နို့လေဟှာ ဘုရားသခင်ရဲ့စေခံလေ ဖြစ်ဟှူကြောန်းဟှို ပြဂေ့ဟှယ်။ 5 ၆.၅ တ ၁၆.၂၃နို့လေဟှာ ရိုက်ခံရရှင်းလေ၊ ထောန်ခ္လခံရရှင်းလေ၊ ရောင်းရင်းဆန်ခတ် လောက်ရှင်း ခံရရှင်းလေ၊ လောက်ကြိုးစားရှင်းလေ၊ အိရေးပျစ်ဟှူ ညဉ့်လေန စာငတ်ခံရရှင်းလေ၊ 6 စင်ကြယ်သန့်ရှင်း၊ ပညာဒိရှိရှင်း၊ သီးခံရှင်းန ကြင်နာသနားရှင်းလေ၊ သန့်ရှင်းဟှူဝိညာဉ်တော်နရော၊ စစ်မှန်ဟှူ မြစ်တာလေနရော၊ 7 သမ္မာတရားန ဘုရားသခင်ရဲ့ တဂိုးတော်ဟှိုရော၊ ဘယ်လတ်န ညာလတ်ထဲမာရှိဟှူ ဖြောန့်မတ်ရှင်းရဲ့ လတ်နတ်လေဟှိုရော၊ 8 ချီးမြှော့-က်ရှင်းန ရှောက်ခ္လရှင်း၊ ကဲ့ရဲ့ရှင်းန ချီးမွမ်းရှင်း၊ လူလီလူညာလေဖြစ် သတ်မှတ်ဂေ့ဘေမဲ့ ဟောက်မှန်ဟှူသူ၊ 9 လူသိနဲဟှူလူဖြစ် သတ်မှတ်ဘေမဲ့ လူသိများဟှူလူ၊ လူသေမျိုးဖြစ်ဘေမဲ့ နို့လေဟှာ သတ်ရှင်နေဟှူလူ၊ ပြစ်ဒန်ခံရဘေမဲ့ သတ်ခံရဘဲဟှူလူ၊ 10 ဝန်းနဲဘေမဲ့ မြဲဒမ်းဝန်းသာဟှူသူ၊ ဆင်းရဲသားမျိုး ဖြစ်ဘေမဲ့ လူလေဘောင်ဂီးဟှို ကြွယ်ဝစေဟှူသူ၊ ဖြားလည်းမှေ့ဘဲမျိုး ဖြစ်ဘေမဲ့ ဂူလောင်းဟှို ပိုင်ဟှူသူလေ ဖြစ်ဂေ့ဟှယ်။