11 အယ်ဇာလေ ဂူလောင်းဟှာ အယ်မျိုး ပျစ်စီးဟှားမယ် ဖြစ်ဟှူကြောန့် နန်းနို့လေဟှာ ဖယ်မျိုးဟှူသူလေ ဖြစ်ဟှို့သင့်ဟှယ်နူး။ နန်းနို့လေဟှာ သန့်ရှင်းဟှူကျင့်ဟှို ကျင့်ဘီး ဘုရားဝတ်န မွေ့လျော်ရှင်းအားဖြင့် 12 ဘုရားသခင်ရဲ့ နေ့ရစ်ဟှို စောန့်မျှော်ဘီး အယ်နေ့ရစ် ဗြန်းဗြန်းရော့-က်လာဟှို့ မျှော်လင့်သင့်ဟှယ်။ အယ်နေ့မာ ကောန်းဂန်ဟှာ မီးလောန်ကျွမ်းဘီး ပျစ်စီးဟှားလေ့မယ်။ လောကဓာတ်လေလည်း ရရာတိုင်း ပြင်းထန်ဟှူ ပူရှီအားဖြင့် ရယ်ပျော်ဟှားဂေ့လေ့မယ်။ 13 ၃.၁၃ ဗျာ ၂၁.၁အယ်ဘေမဲ့ နို့လေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ ဖြောန့်မတ်ရှင်းတရားရဲ့ တည်ဟှူနေရာ ကောန်းဂန်သစ်န မ္လေဂီးသစ်ဟှို စောန့်မျှော်နေဂေ့ဟှယ်။