17 အယ်ကြောန့် ရှစ်ရဟှူသူလေ အယ်ကြောန်းရာလေဟှို နန်းနို့သိဟှားပီးဘီ ဖြစ်ဟှူကြောန့် တရားဘဲဟှူသူလေရဲ့ ပရိယာယ်အားဖြင့် သွီးဆောန်ရှင်းနော့-က်ဟှို လိုက်ပါဟှားဘီး နန်းနို့လေရဲ့ တည်ကြည်မှုဟှို ဆောင်းရှောန်းဘဲ နေဟှို့တွပ် ကိုယ့်ကိုယ်ကိုယ် စောန့်ရှော့က်ဂေ့ပါ။ 18 နို့လေရဲ့သခင်န ကယ်တန်ရှင် ဖြစ်တော်မူဟှူ ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်နရော၊ ကိုယ်တော့်ဟှို သိကျွမ်းဟှူ ပညာနရော ကီးထွားဂေ့ပါ။ အယ်သခင်ဟှာ ခုဟှနေစဘီး ထာဝရ ကာလပတ်လောင်း ဖောင်းသရေတော်ရှိပါစေ! အာမင်။