8 အယ်ဘေမဲ့ ရှစ်ရဟှူသူလေ၊ ဘုရားသခင်တွပ် နေ့ရစ်တရစ်ဟှာ နှစ်တထောန်ဖြစ်ဟှူမျိုး နှစ်တထောန်ဟှာ နေ့ရစ်တရစ်ဟှူမျိုး ဖြစ်ဟှယ် ဆိုဇာဟှို မေ့ဂေ့န။ 9 နှေးဟှယ် ဆိုဘီး တချို့လူလေ ထန်မှတ်နေဘေမဲ့ ဘုရားသခင်ဟှာ ဂဒိတော်ရာမာ နှေးတော်မူဟှ။ ဖယ်သူလည်း ပျစ်စီးဘဲန လူတိုင်းနောန်ဒရဟှို့တွပ် လိုတော်ရှိဟှူကြောန့် နန်းနို့လေဟှို သီးခံတော်မူလေဟှယ်။
10 ၃.၁၀ မ ၂၄.၄၃; လု ၁၂.၃၉; ၁ သက် ၅.၂; ဗျာ ၁၆.၁၅ ခိုးဟှာ ညဉ့်ဖတ်မာလာတတ်ဟှူမျိုး သခင်ဘုရားရဲ့ နေ့ရစ်ဟှာ လာလေ့မယ်။ အယ်နေ့ရစ်မာ ကောန်းဂန်ဟှာ ရရာတိုင်း က္လယ်ဟှူသံနတူးဒူ ပျော့-က်ဟှားလေ့မယ်။၃.၁၀ ပျော့-က်ဟှားလေ့မယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ ပါရှိဟှယ်၊ တချို့လေမာလည်း မီးရှို့ခံရဟှယ်၊ မူရင်းလတ်ရေးမူတခုမာ ဖျစ်ဆီးခံရဟှယ် ဆိုဘီး တွိရှိရဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ လောကဓာတ်လေဟှာ ရရာတိုင်းပူအာကီးဟှူကြောန့် ပျစ်စီးဟှားလေ့မယ်။ မ္လေဂီးဟှနေစဘီး မ္လေဂီးထတ်မာရှိဟှူဇာလေ ဂူလောင်းဟှာ လောန်ကျွမ်းကူလေ့မယ်။