ကျေးဇူးတော် ချီးမွမ်းရှင်းန အားပေးစကားကြောန်း
3 ငါဟှာ နေ့ရောညဉ့်ရော ဆုတောန်းဟှူ ခီမာ နန့်ဟှို မြဲဒမ်းဒိရဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းပါဟှယ်။ ငါဟှာ ငါ့ရဲ့ဘိုးဘေးလေမျိုး ကိုယ်တော်ရဲ့ မှုတော်ဟှို ကြည်လင်ဟှူသိစိန လောက်ဆောန်ဟှူသူ ဖြစ်ဟှယ်။ 4 ငါဟှာ နန်မျစ်ရယ်က္လဟှူဇာဟှို အော့-က်မေ့ဒိရဟှူကြောန့် ဝန်းသာဇာန ပ္လဲ့ဝဟှို့တွပ် နန့်နတွိနိုင်ဟှို့ တောန်းတနေပါဟှယ်။ 5 ၁.၅ တ ၁၆.၁နန်ဟှာ နန့်ရဲ့ဖွား လောဣန မိဖြစ်ဟှူ ဥနိတ်လေမျိုးဘဲ့ ဟန်ဆောန်မှုကင်းဟှူစိန ယောင်ကြည်ကြောန်းဟှို ငါဒိရပါဟှယ်။ သူးနို့လေရဲ့ ယောင်ကြည်မှုမျိုးဟှာ နန့်မာလည်းရှိဟှယ် ဆိုဘီး ငါစိခ္လပါဟှယ်။