15 နန်ဟှာ ဘုရားသခင် ရှေ့တော်မာ ယောင်ကြည် စိခ္လရဟှူသူ၊ နှစ်သက်ဖွယ်ကောန်းဟှူသူ တယော့-က်နေနဖြစ်ဖြစ်၊ သမ္မာတရားဟှို ပိုင်းခြားတတ်ဟှူ သူတယော့-က်နေနဖြစ်ဖြစ် ယှစ်ကြော့-က်မှုမှေ့ဘဲဟှူ လောက်သမား တယော့-က်မျိုး ကိုယ့်ကိုယ်ကိုယ် ဆစ်သနိုင်ဟှို့တွပ် ကြိုးစားအားထုပါ။