နော့-က်ဆောင်းနေ့ရစ်ကာလကြောန်း
1 နော့-က်ဆောင်းကာလဟှာ ခတ်ခဲဟှူကာလဖြစ်မယ် ဆိုဇာဟှို သိမှတ်ပါ။ 2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဟှာ ကိုယ့်ကိုယ်ကိုယ် ရှစ်ဟှူသူ၊ ကပ်ဟှို တတ်မတ်ဟှူသူ၊ ဝါကြွားဟှူသူ၊ မာနထောန်လွှားဟှူသူ စော်ကားပြောဆိုဟှူသူ၊ မိဖစကားဟှို နားထောန်ဘဲဟှူသူ၊ ကျေးဇူးသိတတ်ဘဲဟှူသူ၊ သန့်ရှင်းမှုမှေ့ဘဲဟှူသူ၊