3 အယ်ကြောန်းန ပတ်သတ်ဘီးဟှာ လူလေဟှာ မှားယွင်းဘီး ပြောနေဂေ့ဇာဟှို လောင်းဝယောင်ဂေ့န။ နော့-က်ဆောင်း ပေါင်ကန်မှုဖြစ်ခန်မာ ငရဲဟှိုသွားရဟှို့ ပျစ်စီးမှုရဲ့သား ဖြစ်ဟှူ အယ်အဓမ္မလူပေါ်ခန် အယ်နေ့ရစ်ဟှာ ရော့-က်လာဟှို့ မှုဟှ။ 4 သူဟှာ လူလေကိုးကွယ်ဟှူ ဘုရားမှန်မျှဟှို ရန်ဖတ်ပြုဘီးဟှာ သူဟှာ ဘုရားလေ ဂူလောင်းထတ် တဂိုးကီးဟှယ် ဆိုဘီး ပြောလေ့မယ်။ သူဟှာ ဘုရားသခင်ဟှို ဝတ်ပြုဟှူ ဗိမာန်တော်ထဲမာ ဝမ်ထိုင်ဘီးဟှာ သူ့ကိုယ်သူ ဘုရားသခင်ဖြစ်ဟှယ် ဆိုဘီး ကြေညာလေ့မယ်။
Publicidade