5 အယ်ကြောန့် ပေတရုဟှာ ထောန်ထဲမာ ကျဉ်းခ္လခံရဟှယ်။ အယ်ခီမာ သင်းတော်ဟှ သင်းသားလေဟှာ ပေတရုတွပ် စိပါလတ်ပါန ဘုရားသခင်ဟှို ဆုတောန်းနေဂေ့ဟှယ်။
ကျဉ်းထောန်ထဲဟှနေ ပေတရု လွတ်လာဟှူကြောန်း
6 ဟေရုဒ်ဟှာ ပေတရုဟှို လူလေရှေ့ဟှို ခေါ်လာဘီး စစ်ဆေးဟှူ နေ့ရော့-က်ခန် ညဉ့်ခန်းဇာမာ ပေတရုဟှာ စစ်သားနှေ့ယော့-က်ကြားမာ အိမွိနေဟှယ်။ သူ့ဟှို သံကြိုးနှေ့ပန်န ခယ်ဟှားဟှယ်။ ထောန်ခွဗော့-က်ရှေ့မာလည်း စောန့်တပ်သားလေဟှာ စောန့်နေဂေ့ဟှယ်။ 7 ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ရော့-က်တရစ် ပေါ်လာဘီးဟှာ ချောက်ခန်းထဲမာ လန်းဟှားလေဟှယ်။ ကောန်းဂန်တမန်ဟှာ သူ့ရဲ့ခေါင်းဟှို လှောက်ဘီးဟှာ "ဗြန်းဗြန်ဟှားထလိုက်!" ဆိုဘီး နိုးဟှယ်။ ရှစ်ရှင်းဘဲ ခယ်ဟှားဟှူ သံကြိုးလေဟှာ ပေတရုရဲ့ လတ်ဟှနေ ကလွတ်ဟှားလေဟှယ်။ 8 အယ်ဘီးန ကောန်းဂန်တမန်ဟှ "နန့်ရဲ့ ခါးဗတ်ဟှို ပတ်ဘီးဟှာ ခေနပ်ဟှို စီးလိုက်" ဆိုဘီး ပြောလိုက်ဟှယ်။ ပေတရုဟှာ ပြောဟှူတိုင်း လောက်လိုက်ဟှယ်။ ကောန်းဂန်တမန်ဟှ "ဝတ်လောင်ဟှို ချောင်ဘီးဟှာ ငါ့နတူးဒူလိုက်" ဆိုဘီး ပြောလိုက်ဟှယ်။ 9 ပေတရုဟှာ ချောက်ခန်းဟှနေထွပ်ဘီး သူ့နော့-က်ဟှို လိုက်ဟှားလေဟှယ်။ သူဟှာ ကောန်းဂန်တမန် လောက်ဟှူဇာလေဟှို မှန်ဖြစ်ဟှယ် ဆိုဇာ သိဟှ။ ရူပါရောင်ဟှို ဗြင်နေဟှယ် ဆိုဘီး ထန်နေဟှယ်။ 10 သူးနို့ဟှာ စောန့်လေခ္လဟှားဟှူ နေရာနှေ့ခုဟှို ကျော်ဘီးဟှာ ထောန်ထဲဟှထွပ်ဟှူ သံခွဗော့-က်နားဟှို ရော့-က်ဟှားဂေ့ဟှယ်။ အယ်ခွဗော့-က်ဟှာ သူ့လိုလို ပွမ့်နေဟှူကြောန့် သူးနို့ ထွပ်ဟှားဘီးဟှာ လမ်းတိုင်းသွားလိုက်ဂေ့ဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ ပေတရုနားဟှနေ ရော့-က်တရစ် ထွပ်ဟှားလေဟှယ်။
11 ပေတရုဟှာ ပ္လန်ဘီး ဒိရလာဟှူ ခီမာ "သခင်ဘုရားဟှာ သူ့ရဲ့ ကောန်းဂန်တမန်ဟှို လွှတ်ဘီးဟှာ ငါ့ဟှို ဟေရုဒ်ရဲ့ လတ်ထဲဟှရော၊ ယုဒလူမျိုးလေရဲ့ လတ်ထဲဟှို ငါ့ဟှို ရော့-က်စေဘဲဟှို့တွပ် မျှော်နေဟှူဘေးဟှနေ ကယ်တန်ရှင်းဟှို ခု ငါစစ်မှန်သိဟှားဘီ ဆိုဘီး ပြောဟှယ်။"
12 အယ်မျိုးသိဟှူ ခီမာ သူဟှာ မာကု ဆိုဘီး ခေါ်ဟှူ ယောဟန်ရဲ့မိ မာရိအီဟှို သွားဟှယ်။ အယ်အီမာ လူလေဘောင်ဂီးဟှ စုဘီးဟှာ ဆုတောန်းနေဂေ့ဟှယ်။