14 အယ်လူလေထဲမာ သွာတိရဗြို့ဟှ ခရမ်းရောန် ဝတ်လေဟှို ရောန်းဝယ်မား လုဒိနာမယ်ရှိဟှူ မီးမတယော့-က်လည်း နားထောန်နေဟှယ်။ သူဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူသူ ဖြစ်ဟှယ်။ သခင်ဘုရားဟှာ ပေါလုဟောနေဟှူ တရားစကားဟှို အာရောင်စိုက်ဟှို့တွပ် အယ်မီးမရဲ့ စိနှလောင်းဟှို ဖွမ့်ပေးဟှယ်။ 15 သူ့နတူးဒူ အီသူအီသားလေဟှာ ဗတ္တိဇံခံဘီးန လုဒိဟှ "ကျွန်မဟှာ သခင်ဘုရားဟှို တကယ်ယောင်ကြည်သူ ဖြစ်ဟှယ် ဆိုဘီး ဆောင်းဖြတ်ဟှယ် ဆိုဟှာ ကျွန်မအီဟှို လာဘီးဟှာ နေဂေ့ပါ" ဆိုဘီး ကျွန်တော့်လေဟှို တောန်းဗန်လေဟှယ်။