ပေါလုန သိလလေဟှာ ဖိလိပ္ပိဗြို့မာ ထောန်ခ္လခံရကြောန်း
16 တနေ့မာ ကျွန်တော့်လေဟှာ ဆုတောန်းဟှူ နေရာဟှို သွားဂေ့ဟှူ ခီမာ ဗေဒန်ဟောနိုင်ဟှူ၊ နတ်ဝမ်ပူးနေဟှူ၊ စေခံမီးမဂန်း တယော့-က်ဟှို တွိဂေ့ဟှယ်။ သူဟှာ အယ်မျိုး ဗေဒန်ဟောရှင်းအားဖြင့် သူ့ဇရှင်ဟှို ကပ်လေဘောင်ဂီး ရစေဟှယ်။ 17 အယ်စေခံဟှာ ပေါလုန ကျွန်တော့်လေ နော့-က်ဟှိုလိုက်ဘီးဟှာ "အယ်လူလေဟှာ ဗြစ်ဆောင်းဟှူ ဘုရားသခင်ရဲ့ စေခံလေဖြစ်ဟှယ်! သူးနို့ဟှာ နန်းနို့ဟှို ဖယ်မျိုး ကယ်တန်ခံရနိုင်ဟှယ် ဆိုဇာဟှို ဟောဟှူလူလေဖြစ်ဟှယ်" ဆိုဘီး အော်နေဟှယ်။ 18 အယ်မီးမဂန်းဟှားဟှာ ရစ်လေကြာဂီး အယ်မျိုးလောက်နေကြောန့် ပေါလုဟှာ ရရာတိုင်း စိနှောက်ရှစ်ဖြစ်လာဘီး၊ နော့-က်ဟှိုလှည့်ဘီးဟှာ "နန်ဟှာ အယ်မီးမဂန်းဟှားထဲဟှနေ ထွပ်ဟှားလိုက်။ ယေရှုခရစ်တော်ရဲ့ နာမတော်နှိုက် နန့်ဟှို ငါ မိန့်ပေးဟှယ်!" ဆိုဘီး အယ်နတ်ဟှို ပြောလေဟှယ်။ ရှစ်ရှင်းဘဲ အယ်နတ်ဟှာ ထွပ်ဟှားဟှယ်။