ကောရိန့်ဗြို့မာ မှုတော်ဆောန်ဟှူကြောန်း
1 အယ်ဘီးန ပေါလုဟှာ အာသင်ဗြို့ဟှ ထွပ်ဟှားဘီး ကောရိန့်ဗြို့ဟှို ရော့-က်ဟှားဟှယ်။ 2 အယ်ဗြို့မာ ပုန္တုပြည်သား အာကုလ နာမယ်ရှိဟှူ ယုဒလူမျိုးတယော့-က်န သူ့မယား ပြစ်ကိလလေဟှို တွိဟှားဟှယ်။ ယုဒလူမျိုးလေဟှ ရောမဗြို့ဟှနေ ထွပ်ဟှားဟှို့တွပ် ကလောဒိမန်းဂီးဟှ မိန့်ထုဟှားဟှူကြောန့် သူးနို့ဟှာ ကြာသေးခန်ဟှ ဣတလိပြည်ဟှနေ ထွပ်လာဂေ့ဟှူ လူလေဖြစ်ဟှယ်။ 3 အယ်လူလေဟှာ ပေါလုမျိုးဘဲ တဲရှင်ချောက်ဘီး သတ်မွီးနေဟှူ တဲရှင်ချောက်မားလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် ပေါလုဟှာ သူးနို့လေနားဟှို သွားဘီးဟှာ သူးနို့နတူးဒူ လောက်ဂေ့ဟှယ်။ 4 ယုဒလူမျိုးန ဟေလသလူမျိုးလေဟှို သွီးဆောန်ဟှို့တွပ် သူဟှာ ဒန်းနေ့တိုင်း ဝါလယ်ဇရပ်မာ ဆွေးနွီးဂေ့ဟှယ်။
5 သိလန တိမောသေလေဟှာ မာကေဒေါနိပြည်ဟှနေ ရော့-က်လာဂေ့ဟှူ ခီမာ ပေါလုဟှာ ယုဒလူမျိုးလေဟှို တခီလောင်း တရားဟောပြောဘီးန ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဘီး သတ်သေခံလေဟှယ်။ 6 ယုဒလူမျိုးလေဟှာ သူ့ဟှို စော်ကားဘီး ပြောနေဟှူ ခီမာ ပေါလုဟှာ သူ့အန်းဂီဟှနေ ဖောင်လေဟှို ခါခ္လဘီးဟှာ "နန်းနို့ရဲ့ သွီးဟှာ နန်းနို့ ခေါန်းထတ်မာ ရှိပါစေ! ငါ့တာဝန် မှုဟှ။ ခုဟှစဘီး ငါဟှာ လူမျိုးခြားလေနားဟှို သွားမယ်" ဆိုဘီး ပြောဟှယ်။ 7 အယ်ဘီးန အယ်လူလေနားဟှ ထွပ်ဟှားဘီးဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ တိတုယုတ္တု နာမယ်ရှိဟှူ လူမျိုးခြားရဲ့ အီဟှို သွားဘီးဟှာ နေလေဟှယ်။ သူ့အီဟှာ ဝါလယ်ဇရပ်န ကပ်နေဟှယ်။ 8 ဝါလယ်ဇရပ်မှူးဖြစ်ဟှူ ကရိပ္ပုန သူ့မိသားစုဂူလောင်းဟှာ သခင်ဘုရားဟှို ယောင်ကြည်ဟှူသူလေ ဖြစ်လာဂေ့ဟှယ်။ တခြား ကောရိန္သုဗြို့သား ဘောင်ဂီးဟှလည်း တရားတော်ဟှို ကြားရဟှူ ခီမာ ယောင်ကြည်ဘီးဟှာ ဗတ္တိဇံခံဂေ့ဟှယ်။
9 တညဉ့်မာ ပေါလုဟှာ ရူပါရောင်ဟှို ဗြင်ရဟှယ်။ ရူပါရောင်ထဲမာ သခင်ဘုရားဟှ "ကြော့-က်န။ ဆစ်ဘီးဟောပါ။ လတ်ရှော့န။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ နန့်နတူးဒူ ရှိဟှယ်။ ဖယ်သူဟှလည်း နန့်ဟှို ဘေးပြုနိုင်ဟှ။ အယ်ဗြို့မာရှိဟှူ လူဘောင်ဂီးဟှ ငါ့လူလေ ဖြစ်ဂေ့ဟှယ်" ဆိုဘီး ပြောဟှယ်။ 11 ပေါလုဟှာ အယ်ဗြို့မာ တနှစ်နခြော့-က်လ နေဘီးဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှို သွန်သန်လေဟှယ်။