Pular para o conteúdo
Publicidade

တမန်တော် 18

12 ဂါလျုန်ဟှာ အခါယပြည်ရဲ့ ဗြို့ဝန်မန်း ဖြစ်နေဟှူ ခီမာ ယုဒလူမျိုးလေဟှာ စုဘီး ပေါလုဟှို ဖမ်းဘီးဟှာ တရားပလ္လင်ရှေ့ဟှို ခေါ်ဆောန်လာဂေ့ဟှယ်။ 13 သူးနို့ဟှ "အယ်လူဟှာ ပညတ်တရားဟှို ဆန့်ကျင်ဘီး ဘုရားသခင်ဟှို ကိုးကွယ်ဂေ့ဟှို့တွပ် လူလေဟှို သွီးဆောန်နေဟှယ်" ဆိုဘီး လျှော့-က်ဂေ့ဟှယ်။

14 ပေါလုဟှာ စကားပြောဟှို့ လောက်နေဒူးမာ ဂါလျုန်ဟှ "ယုဒလူမျိုးလေ၊ အယ်မှုဟှာ ကောန်းဘဲဟှူမှု၊ တရားဘဲဟှူမှုဖြစ်ဟှယ် ဆိုဟှာ ငါဟှာ နန်းနို့ရဲ့ စွပ်စွဲချစ်လေဟှို စိရှယ်လတ်ရှယ်န နားထောန်နိုင်ဟှယ်။ 15 အယ်ဘေမဲ့ အယ်မူဇာဟှာ စကားလေ၊ နာမယ်လေန ပညတ်တရားနဆိုင်ဟှယ် ဆိုဟှာ နန်းနို့ ကိုယ်တိုင်ဘဲ့ ဆောင်းဖြတ်ဂေ့။ အယ်မှုဟှို ငါစီရင်ဟှ" ဆိုဘီး ပြောဟှယ်။ 16 ယုဒလူမျိုးလေဟှို တရားပလ္လင်ရှေ့ဟှနေ နှန်ထုလိုက်ဟှယ်။ 17 အယ်လူလေဟှာ ဝါလယ်ဇရပ်မှူး သုဿင်ဟှို ဖမ်းဘီးဟှာ တရားပလ္လင်ရှေ့မာ ရိုက်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဂါလျုန်ဟှာ အယ်မှုဟှို လောင်းဝ ဂရုစိုက်ဘဲနေဟှယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.