သန့်ရှင်းဟှူဝိညာဉ်တော် ဆင်းလာကြောန်း
1 ပင်တေကုတ္တေပွဲနေ့ ရော့-က်လာဟှူ ခီမာ ယောင်ကြည်သူလေ ဂူလောင်းဟှာ တနေရာထဲမာ စုနေဂေ့ဟှယ်။ 2 အယ်ခီမာ လေပြင်းမှောန်ဒိုင်းသံမျိုး ကောန်းဂန်ဟှနေ ရောက်တရစ် ပေါ်လာဘီးန သူးနို့လေ ထိုင်နေဟှူ အီတအီလောင်းဟှို ပ္လဲ့ဟှားလေဟှယ်။ 3 အယ်ဘီးန သူးနို့ဟှာ ဖြာထွပ်နေဟှူ မီးလျှာလေမျိုးဟှို ဗြင်ရဂေ့ဘီး သူးနို့ထတ်မာ ရှိနေဂေ့ဟှယ်။ 4 သူးနို့ ဂူလောင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့နေဘီး ဝိညာဉ်တော်ဟှ သူးနို့လေ ပြောနိုင်ဟှူတိုင်း တခြားဘာသာစကားလေန စဘီးဟှာ ပြောဂေ့ဟှယ်။
5 အယ်ကာလမာ ကောန်းဂန်အော့-က် တိုင်းပြည်သီးသီးဟှ ဘုရားသခင်ဟှို ကြော့-က်ဂေ့ဟှူ ယုဒလူမျိုးလေဟှာ ယေရုရှလင်ဗြို့မာ တဲနေဂေ့ဟှယ်။