ပေတရုရဲ့ တရားစကားကြောန်း
14 အယ်ဘီးန ပေတရုဟှာ တမန်တော် တဆယ့်တပါးန တူးဒူရပ်ဘီး က္လယ်ဟှူသံန "ယုဒမျိုးသားလေန ယေရုရှလင်ဗြို့မာ နေဟှူလူလေ အယ်မူဇာဟှို နန်းနို့ဟှို ပြောပြမယ်။ ငါ့စကားဟှို နားထောန်ဂေ့။ 15 အယ်လူလေဟှာ နန်းနို့ထန်နေမျိုး ယစ်မောနေဇာ မှုဟှ။ ခုမှ မိုးလန်းကိုးနာရီဘဲ့ ရှိသေးဟှယ်။ 16 အယ်မူဇာဟှာ ပရောဖက်ယောလ ဟောဟှားဇာ ဖြစ်ဟှယ်။ အယ်ပရောဖက်ဟှ"
17 " ‘ဘုရားသခင်ဟှ မိန့်တော်မူဟှယ်။ ငါဟှာ နော့-က်ဆောင်း နေ့ရစ်လေမာ လူလေထတ်ဟှို ငါ့ရဲ့ ဝိညာဉ်တော်ဟှို လောန်းခ္လမယ်။
နန်းနို့ရဲ့ သားမီးလေဟှာ ငါ့ရဲ့ တရားတော်ဟှို ပရောဖက်ဉာဏ်န ဟောပြောဂေ့လေ့မယ်။
လူငယ်လေဟှာ ရူပါရောင်လေဟှို ဗြင်ရဂေ့လေ့မယ်။
ဖိုးသန်ဂီးလေဟှာ အိမတ်လေဟှို မတ်ဂေ့လေ့မယ်။