36 အယ်မျိုးပြောဘီးန ပေါလုဟှာ ဒူးထော့-က်ဘီး အယ်လူလေနတူးဒူ ဆုတောန်းလေဟှယ်။ 37 သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း ငိုဂေ့ဘီးန ပေါလုဟှို ဖတ်ဘီး နှောက်ဆစ်ဂေ့ဟှယ်။ 38 ပေါလုဟှာ သူ့မျစ်နှာဟှို နော့-က်တခါ ဗြင်ရဟှို့မှုဘီ ဆိုဘီး ပြောဟှူကြောန့် သူးနို့လေဟှာ ပိုဘီး ဟှာ ဝန်းနဲဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှာ ပေါလုဟှို သန်းဖောနားဟှို လိုက်ပို့ဂေ့ဟှယ်။