ခေသန်ဘဲဟှူ ဒေါန်းဇားဟှို ကျန်းမာစေကြောန်း
1 တနေ့မာ ပေတရုန ယောဟန်လေဟှာ ဆုတောန်းခီဖြစ်ဟှူ နေဒန်ဇာ သောင်းနာရီမာ ဗိမာန်တော်ဟှို သွားဂေ့ဟှယ်။ 2 မွီးဂဒဲဟှ ခေသန်ဘဲဟှူ လူတယော့-က်ဟှာ တင့်တယ် ဆိုဘီး ခေါ်ဟှူ ခွဗော့-က်ဝမာ ရှိနေဟှယ်။ ဗိမာန်တော်ဟှို လာဂေ့ဟှူ လူလေနားဟှ ကပ်တောန်းဟှို့တွပ် အယ်လူဟှို နေ့တိုင်း ထမ်းလာဂေ့ဘီး ခွဗော့-က်ဝမာ ခ္လဟှားဂေ့ဟှယ်။ 3 အယ်လူဟှာ ပေတရုန ယောဟန်လေ ဗိမာန်တော်ထဲဟှို ဝမ်ဟှို့လောက်နေဇာဟှို ဗြင်ဟှူ ခီမာ တခုခုပေးဟှို့တွပ် တောန်းလျှော့-က်လေဟှယ်။ 4 သူးနို့ဟှာ အယ်လူဟှို စေ့စေ့ကေ့လေဟှယ်။ အယ်ဘီးန ပေတရုန ယောဟန်ဟှ "နို့လေဟှို ကေ့!" ဆိုဘီး ပြောလေဟှယ်။ 5 အယ်ကြောန့် အယ်လူဟှာ သူးနို့နားဟှ တခုခုရမယ်ဆို ထန်ဘီး သူးနို့ဟှို ကေ့လေဟှယ်။ 6 အယ်ဘေမဲ့ ပေတရုဟှ "ငါ့မာ ရွှေလည်း မှေ့ဟှ။ ငွေလည်း မှေ့ဟှ။ အယ်ဘေမဲ့ ငါ့မာ ရှိဟှူဇာဟှို နန့်ဟှိုပေးမယ်။ နာဇရက်ဗြို့သား ယေရှုခရစ်တော်ရဲ့ နာမန ထဘီးလမ်းရှော့-က်!" ဆိုဘီး ပြောလေဟှယ်။ 7 အယ်ဘီးန သူ့ရဲ့ ညာဖတ်လတ်ဟှို ဆွဲဒန်လေဟှယ်။ ရှစ်ရှင်းဘဲ့ အယ်လူရဲ့ ခေဒေါ့-က်န ခေမျစ်စိလေဟှာ သန်မာလာဘီး 8 သူဟှ ထခူဘီး၊ ထရပ်ဘီးဟှာ စဘီးဟှာ လမ်းရှော့-က်လေဟှယ်။ အယ်ဘီးန သူဟှာ ခူပေါ့-က်ဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး သူးနို့နတူးဒူး ဗိမာန်တော်ထဲဟှို ဝမ်ဟှားဟှယ်။ 9 အယ်နေရာမာ ရှိနေဟှူ လူလေဟှ လမ်းရှော့-က်ဘီး ဘုရားသခင်ဟှို ချီးမွမ်းနေဟှူ အယ်လူဟှို ဗြင်ဟှားဟှူ ခီမာ 10 အယ်လူဟှာ ဗိမာန်တော်ရဲ့ တင့်တယ်ခွဗော့-က်မာ ထိုင်နေဟှူ ဒေါန်းဇားဖြစ်ဟှယ် ဆိုဇာဟှို မှတ်မိဟှားဟှူ ခီမာ သူးနို့ ဂူလောင်းဟှာ အယ်လူမာ ဖြစ်ဟှားဇာလေဟှို အံ့ဩဘီး တွေဝေဟှားဂေ့ဟှယ်။