တရားလွှတ်တော်မာ ပေတရုန ယောဟန်လေဟှို စစ်ဆေးဂေ့ဟှူကြောန်း
1 ပေတရုန ယောဟန်လေဟှာ လူလေဟှို ဟောပြောနေဂေ့ခီမာ ယဇ်ပုရောဟိတ်လေ၊၄.၁ ယဇ်ပုရောဟိတ်လေ၊ တချို့ မူရင်းလတ်ရေးမူလေမာ ယဇ်ပုရောဟိတ်ဂီးလေ၊ ဆိုဘီး ပါရှိဟှယ်။ ဗိမာန်တော်ဟှို စောန့်နေဟှူတပ်မှူးန ဇဒ္ဒုကဲလေဟှာ ရော့-က်လာဂေ့ဟှယ်။ 2 ယေရှုဟှ သေရာဟှနေ ထမြော့-က်ဟှားဘီ ဆိုဘီး တမန်တော်လေဟှာ သတ်သေပြဘီး ဟောပြောဟှူကြောန့် ဇဒ္ဒုကဲလေဟှ စိဆိုးဂေ့ဟှယ်။ 3 အယ်ကြောန့် သူးနို့လေဟှာ တမန်တော်လေဟှို ဖမ်းဂေ့ဘီး ညဉ့်ခန်းဇာဖြစ်ဟှားကြောန့် နော့-က်တနေ့ထိ ထောန်ထဲမာ ထားဟှားဂေ့ဟှယ်။