11 "ယေရှုဟှ ‘တိုက်ဟှို ဆော့-က်ဟှူ ခီမာ နန်းနို့ ပယ်ဟှားဟှူက္လော့-က်ဟှာ
ရေးကီးဆောင်းက္လော့-က် ဖြစ်လာဟှယ်’ ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။
12 အယ်သခင်တပါးဘဲ့ ကယ်တန်နိုင်ဟှယ်။ ကောန်းဂန်အော့-က်ဟှ လောကမာ အယ်သခင်နာမဟှနေ လွဲဘီး နို့လေဟှို ဖယ်လူလည်း ကယ်တန်နိုင်ဟှ" ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။