လောက်ဖော်ဆောန်ဖတ် ခွန်နစ်ယော့-က်ကြောန်း
1 အယ်နေ့ရစ်လေမာ တဗဲ့တော်လေဟှာ ဘောင်ဂီးဖြစ်လာဘီး ဟေလသစကားပြောဟှူ ယုဒလူလေန၆.၁ ဟေလသစကားန ဟေလသယဉ်ကျေးမှုလေရဲ့ လွှမ်းမိုးဇာခံရဟှူ ယုဒလူမျိုးလေ။ ဒေသခံ ယုဒလူလေဟှာ ရန်ဖြစ်ဂေ့ဟှယ်။ ဟေလသစကားပြောဟှူ ယုဒလူလေဟှ သူးနို့ရဲ့ မောက်ဆိုးမလေဟှို ကူညီဘဲထားဟှားဟှယ် ဆိုဘီး ယုဒလူလေဟှို ပြစ်တန်ဂေ့ဟှယ်။
6 သူးနို့ဟှာ အယ်လူလေဟှို တမန်တော်လေရှေ့ဟှို သွားခိုင်းလိုက်ဂေ့ဟှယ်။ အယ်ဘီးန တမန်တော်လေဟှာ ဆုတောန်းဘီးန သူးနို့ထတ်မာ လတ်ဟှိုတန်ဂေ့ဟှယ်။