5 တမန်တော်လေရဲ့ကြံဟှို တဗဲ့တော်လေဟှ ကြိုက်ဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ ယောင်ကြည်ရှင်းနရော၊ သန့်ရှင်းဟှူဝိညာဉ်တော်နရော ပ္လဲ့ဝဟှူ သတေဖန်န ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနန ယုဒဘာသာဟှို ပ္လောန်းလဲလာဟှူ အန္တိအုတ်ဗြို့သား နိကောလလေဟှို ဝီးကော့-က်ဂေ့ဟှယ်။