12 အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းန ယေရှုခရစ်တော်ကြောန်း ဒန်းကောန်းဟှို ဖိလိပ္ပုဟှ ဟောဟှူ ခီမာ အယ်လူလေဟှာ ယောင်ကြည်လာဂေ့ဘီးဟှာ ယော့-က်ကျားလေရော မီးမလေပါ ဗတ္တိဇံဟှို ခံဂေ့ဟှယ်။ 13 ရှိမုန် ကိုယ်တိုင်လည်း ယောင်ကြည်ဘီး ဗတ္တိဇံဟှို ခံဘီးန ဖိလိပ္ပုနားမာ နေနေဟှယ်။ သူဟှာ ကီးမားဟှူ အံ့ဩဘွယ်လေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဟှူ ခီမာ အံ့ဩနေဟှယ်။