18 တမန်တော်လေ လတ်တန်ဟှူ ခီမာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို အယ်ယောင်ကြည်သူလေ ရရှိဟှားဟှယ် ဆိုဇာဟှို ရှိမုန်ဟှ ဗြင်ဟှားဟှူကြောန့် ကပ်ဟှို ယူလာဘီးဟှာ၊ 19 "ကျွန်တော် လတ်တန်လိုက်ဟှူ လူတိုင်းဟှာ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ရဟှို့တွပ် တဂိုးအာဏာဟှို ကျွန်တော်ဟှိုလည်း ပေးပါ" ဆိုဘီး တောန်းလိုက်ဟှယ်။
20 ပေတရုဟှ "နန်ဟှာ ဘုရားသခင်ရဲ့ ဆုကျေးဇူးဟှို ကပ်န ဝယ်နိုင်ဟှယ် ဆိုဘီး ထန်မှတ်ဟှူကြောန့် နန့်ရဲ့ ကပ်ဟှာ နန့်နတူးဒူ ပျစ်စီးပါစေ။