5 ဖိလိပ္ပုဟှာ ရှမာရိပြည်ရဲ့ ဓိကဗြို့တော်၈.၅ ဓိကဗြို့တော်၊ တချို့ မူရင်းလတ်ရေးမူလေမာ ဗြို့တဗြို့၊ ဆိုဘီး ပါရှိဟှယ်။ဟှို သွားဘီး ခရစ်တော်ကြောန်းဟှို ဟောပြောဟှယ်။ 6 လူလေဟှာ ဖိလိပ္ပုပြဟှူ နိမိတ်လတ်ခဏာလေဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ တရားစကားဟှို အာရောင်စိုက်ဘီး နားထောန်ဂေ့ဟှယ်။ 7 နတ်ဆိုးစွဲနေဟှူ လူလေဘောင်ဂီးထဲဟှနေ နတ်ဆိုးလေဟှာ သံက္လယ်ဂီးန အော်ဘီးဟှာ ထွပ်ဟှားဂေ့ဟှယ်။ လေဖြတ်ဟှူလူ၊ ခေလတ်သန်ဘဲ့ဟှူ လူလေဟှာ ရောဂါပျော့-က်ဟှားဂေ့ဟှယ်။ 8 အယ်ကြောန့် အယ်ဗြို့မာ ရရာတိုင်း ဝန်းသာဟှားဂေ့ဟှယ်။