18 ဘုရားသခင်ဟှာ နန်းနို့ရဲ့ စိနှလောင်းမျစ်စိဟှို ဖွမ့်ဟှို့တွပ်န ခေါ်ဟှားဟှူဇာနဆိုင်ဟှူ မျှော်လင့်ဇာဟှာ ဖယ်မျိုးဇာဖြစ်ဟှယ် ဆိုဇာရော၊ သန့်ရှင်းဟှူသူလေဟှ ခံရဟှူမွီဟှာ ဖောင်းသရေတော်န ဖယ်မျှလော့-က် ကြွယ်ဝဟှူဇာရော၊ 19 ကိုယ်တော်ရဲ့ စွမ်းသတ္တိန ပ္လဲ့ဇောင်ဟှူ တဂိုးရှီဝါရဲ့ လောက်ဆောန်ဇာအားဖြင့် ယောင်ကြည်ဟှူ နို့လေထတ်ဟှို ရော့-က်လာဟှူတဂိုးဟှာ ဖယ်မျှလော့-က်ထူးခြားဘီး ရရာတိုင်း ကီးဟှယ် ဆိုဇာဟှိုရော နန်းနို့လေဟှာ သိဟှို့တွပ် ငါဆုတောန်းဟှယ်။
Publicidade