19 အယ်ကြောန့် နန်းနို့ဟှာ လူမျိုးခြား မှုဟှ။ ဧည့်သည်လည်း မှုဟှ။ သန့်ရှင်းဟှူ လူလေရဲ့ မျိုးသားရှင်း ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ မိသားစုဝမ်လေလည်း ဖြစ်ဂေ့ဟှယ်။ 20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တမန်တော်လေန ပရောဖက်လေအားဖြင့် တိုက်ထော့-က် အုပြစ်ထတ်မာ နို့လေဟှာ တည်ဆော့-က်ဟှားဟှယ်။၂.၂၀ တမန်တော်လေန ပရောဖက်လေအားဖြင့် တိုက်ထော့-က် အုပြစ်ထတ်မာ နို့လေဟှာ တည်ဆော့-က်ဟှားဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ အုပြစ်ဟှာ တမန်တော်လေန ပရောဖက်လေ ဖြစ်ဟှယ်။ အယ်တိုက်ထော့-က်အုပြစ်ဟှာ ခရစ်တော်ယေရှုကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။ 21 ကိုယ်တော်ဟှာ အယ်ဆော့-က်ဦး တတိုက်လောင်းဟှို သေးသေချားချာဟှား ခိုင်ခံ့စေဘီး၊ ကီးထွားလာဘီးဟှာ သခင်ဘုရားတွပ် သန့်ရှင်းဟှူ ဗိမာန်တော်ဖြစ်ဟှယ်။ 22 နန်းနို့ဟှလည်း ခရစ်တော်န တလောင်းတဝဒဲဖြစ်ဘီး တခြားလူလေနတူးဒူ တည်ဆော့-က်ဇာဟှို ခံရဘီး ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ကိန်းဝပ်ဟှူနေရာ ဖြစ်လာဂေ့ဟှယ်။