16 ဘုရားသခင်ဟှာ ဖောင်းသရေတော်န ကြွယ်ဝဟှူဇာမျိုး သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် နန်းနို့ထဲဟှ ဝိညာဉ်လူဟှို တဂိုးနတူးဒူ ကြံ့ခိုင်သန်မာစေဘီး၊ 17 ယောင်ကြည်ရှင်းအားဖြင့် နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ဟှာ ကိန်းဝပ်ဟှူကြောန်းန နန်းနို့ဟှာ မြစ်တာတော်မာ အုပြစ်ခ္လဟှားဘီး၊