16 ဘုရားသခင်ဟှာ ဖောင်းသရေတော်န ကြွယ်ဝဟှူဇာမျိုး သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် နန်းနို့ထဲဟှ ဝိညာဉ်လူဟှို တဂိုးနတူးဒူ ကြံ့ခိုင်သန်မာစေဘီး၊ 17 ယောင်ကြည်ရှင်းအားဖြင့် နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ဟှာ ကိန်းဝပ်ဟှူကြောန်းန နန်းနို့ဟှာ မြစ်တာတော်မာ အုပြစ်ခ္လဟှားဘီး၊ 18 အယ်မြစ်တာတော်ရဲ့ လျား၊ နံ၊ ဗြစ်၊ နတ်လေဟှာ ဖယ်မျှလော့-က် ရှိဟှယ် ဆိုဇာဟှို သန့်ရှင်းဟှူသူလေ ဂူလောင်းနတူးဒူ သဘောပေါ့-က်နိုင်ဟှူစွမ်း ရှိဟှူကြောန့်၊ 19 သိပညာထတ်ထူးခြားဟှူ ခရစ်တော်ရဲ့ ရှစ်ရှင်းမြစ်တာတော်ဟှို သိဘီး၊ နားလည်လာဂေ့ဘီး ဘုရားသခင်ဟှာ ပ္လဲ့ဇောင်မျိုးဘဲ့ ပ္လဲ့ဇောင်ဟှို့တွပ် ဆုတောန်းဟှယ်။