Pular para o conteúdo
Publicidade

ဧဖက် 4:1-12

ခရစ်တော်ရဲ့ ကိုယ်ခန္ဓာန တလောင်းတဝဒဲ ဖြစ်ကြောန်း

1 အယ်ကြောန့် သခင်ဘုရားရဲ့မှုတော်ဟှို လောက်ဆောန်ကြောန့် ထောန်ခ္လခံရဟှူငါဟှာ နန်းနို့လေဟှို တိုက်တွန်းဟှယ်။ နန်းနို့ဟှာ ဘုရားသခင် ခေါ်ဟှားဇာန ထိုက်တန်မျိုး ကျင့်ကြံဂေ့ပါ။ 2 ၄.၂ ကော ၃.၁၂,၁၃မြဲဒမ်း စိနှလောင်းဟှို နှိခ္လဂေ့ပါ၊ သိမ်မွေ့နူးညံ့ဂေ့ပါ၊ စိရှယ်ဂေ့ပါ၊ ယော့-က်နယော့-က်သီးခံဘီး မြစ်တာပြဂေ့ပါ။ 3 နန်းနို့ဟှို စည်းလောင်းစေဘီး ငြီသတ်ရှင်းအားဖြင့် ဝိညာဉ်တော်ဟှပေးဟှူ စည်းလောင်း ညီညွတ်ဇာဟှို ထီးသီးဂေ့ပါ။ 4 နန်းနို့ဟှို ဘုရားသခင်ဟှ ဝီးကော့-က်ဘီး ခေါ်ဟှားဟှူကြောန့် မျှော်လင့်ဇာ တပါးဘဲ့ရှိမျိုး ကိုယ်ခန္ဓာတပါးဒဲ၊ ဝိညာဉ်တော်တပါးဒဲ ရှိဟှယ်။ 5 သခင်တပါးဒဲ၊ ယောင်ကြည်ရှင်းတပါးဒဲ၊ ဗတ္တိဇံတပါးဒဲ၊ 6 လူလေ ဂူလောင်းရဲ့ ဖဘုရားသခင် တပါးဒဲရှိဟှယ်။ အယ်ကိုယ်တော်ဟှာ လူလေ ဂူလောင်းဟှို အောက်စိုးဘီး လူလေအားဖြင့် လောက်ဆောန်ဘီး လူလေထဲမာလည်း ရှိနေဟှယ်။

7 ခရစ်တော်ပေးဟှားတိုင်း နို့လေ တယော့-က်ချင်းစီဟှာ ထူးခြားဟှူဆုကျေးဇူးဟှို ခံစားရဂေ့ဟှယ်။ 8 ကျမ်းစာလာဟှားတိုင်း

"ကိုယ်တော်ဟှာ ထတ်ဟှို တတ်ကြွဟှားဟှူ ခီမာ

လူလေဘောင်ဂီးဟှို ဖမ်းဆီးခေါ်ဆောန်ဟှားဘီးဟှာ

လူလေဟှို ဆုကျေးဇူးလေဟှို ပေးဟှယ်။"

9 တတ်ဟှားဟှယ် ဆိုဘီး ပြောဇာဟှာ မ္လေဂီးရဲ့ အော့-က်ဆောင်းဟှို၄.၉ မ္လေဂီးရဲ့ အော့-က်ဆောင်းဟှို၊ အယ်မျိုးမှုဘဲနေဟှာ၊ မ္လေဂီးရဲ့ အော့-က်ဟှို။ ဆင်းဟှားဟှယ် ဆိုဘီး ပြောဇာမှုဘဲနေဟှာ ဖြားဇာ ဖြစ်အူးမယ်နူး။ 10 အယ်ကြောန့် ဆင်းဟှားဟှူ ကိုယ်တော်ဟှာ ရှိမျှဂူလောင်းဟှို ပ္လဲ့ဇောင်စေဟှို့တွပ် ကောန်းဂန်ဘောင်ဟှို တတ်ဟှားဟှူ ကိုယ်တော်လည်း ဖြစ်ဟှယ်။ 11 အယ်ဘီးန ကိုယ်တော်ဟှာ တချို့လေဟှို တမန်တော်ဖြစ်၊ တချို့လေဟှို ပရောဖက်ဖြစ်၊ တချို့လေဟှို ဒန်းကောန်းဟောပြောသူဖြစ်၊ တချို့လေဟှို သင်းအောက်ဖြစ်န ဆရာဖြစ် ခန့်ဟှားလေဟှယ်။ 12 အယ်မျိုးလောက်ဇာဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟှို တည်ဆော့-က်ဟှို့တွပ် ဘုရားသခင်ရဲ့ သန့်ရှင်းဟှူလူလေဟှို ကူညီဟှို့တွပ် ပြင်ဆင်ဟှားဟှူဇာ ဖြစ်ဟှယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.