15 အယ်ဘေမဲ့ နို့လေဟှာ မြစ်တာန သမ္မာတရားဟှို ပြောဟှူကြောန့် သင်းတော်ရဲ့ ဦးခေါန်းဖြစ်ဟှူ ခရစ်တော်မာ စစရာရာမာ ကီးထွားရှင်းဟှို ရဂေ့ဟှယ် 16 ၄.၁၆ ကော ၂.၁၉ကိုယ်တော်ရဲ့ စီမံအောက်ချောက်ရှင်း အော့-က်မာ ကိုယ်အင်္ဂါရှိမျှဟှာ တခုနခု ဆစ်ပိုင်းဟှားလေန ဆစ်စပ်ဘီးနေဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်အင်္ဂါတိုင်းဟှာ သူးနို့နဆိုင်ဟှူ လောက်တာဝန်ဟှို လောက်ဆောန်ဂေ့ဟှူ ခီမာ ကိုယ်ခန္ဓာတခုလောင်းဟှို မြစ်တာန တည်ဆော့-က်ဟှားဘီးဟှာ ကီးထွားစေဟှယ်။