19 ၅.၁၉,၂၀ ကော ၃.၁၆,၁၇ယော့-က်နယော့-က် စကားပြောဟှူ ခီမာ ဆာလံချင်း၊ ဓမ္မချင်းန ဝိညာဉ်ရေးနဆိုင်ဟှူ ချင်းလေဟှို ရှင်းရှင်းဆိုဂေ့ဘီး သခင်ဘုရားရှေ့မာ နန်းနို့ရဲ့ စိနှလောင်းထဲဟှနေ ချင်းဆိုဂေ့ပါ။ 20 နို့လေ သခင် ယေရှုခရစ်တော်ရဲ့ နာမတော်ဟှို မှီပြုဘီး ရှိမျှဂူလောင်းတွပ် ဖဘုရားသခင်ဟှို မြဲဒမ်း ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
Publicidade