26 ကိုယ်တော်ဟှာ သူ့ရဲ့သတ်ဟှို စွန့်ဇာဟှာ သင်းတော်ဟှို ရေနသန့်ရှင်းစေဘီး စကားတော်န ဘုရားသခင်ဟှို ဆစ်ကပ်ဟှူကြောန့်၊ 27 သင်းတော်ဟှို သူဆစ်ကပ်ဇာဟှာ ညစ်ကြေးလေမှေ့ဘဲ သန့်ရှင်းဘီး ပြစ်တန်ဇာမှေ့ဘဲန လွတ်ကင်းဟှူ သူဖြစ်န ရရာတိုင်း လှဘီး သန့်ရှင်းဟှူအသရေန ပ္လဲ့ဇောင်စေဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။