28 လန်ဖြစ်ဟှူသူလေဟှာ ကိုယ့်ရဲ့ကိုယ်ခန္ဓာဟှို ရှစ်မျိုး မယားလေဟှို ရှစ်ဂေ့ပါ။ မယားလေဟှို ရှစ်ဟှူလူဟှာ ကိုယ့်ကိုယ်ကိုယ် ရှစ်ဟှူသူဖြစ်ဟှယ်။ 29 ဖယ်သူလည်း ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို မူးဟှယ်ဆိုဇာ မှေ့ဟှ။ မူးဟှို့နေနေသာသာ သူ့ကိုယ်သူ စားကျွေးဘီး ပြုစုဟှယ်။ သင်းတော်ဟှို ခရစ်တော်ဟှာ စားကျွေးဘီး ပြုစုမျိုးဘဲ့၊ 30 နို့လေဟှာ သူ့ကိုယ်ခန္ဓာရဲ့ အင်္ဂါလေဖြစ်ဂေ့ဟှယ်။ 31 ကျမ်းစာထဲမာ၊
"အယ်ကြောန်းကြောန့် ယော့-က်ကျားဟှာ မိဖနားဟှ ထွပ်ဘီးဟှာ မယားနနေဟှူကြောန့်
သူးနို့လေဟှာ နှေ့ယော့-က်မှုဟှ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်"
ဆိုဘီး ဖော်ပြဟှားဟှယ်။ 32 အယ်ဇာဟှာ ရရာတိုင်းနတ်နဲဟှူ သစ်စာစကားဖြစ်ဘီး ခရစ်တော်န သင်းတော်ဟှို ရည်ညွန်းဘီး ပြောဟှူစကားဖြစ်ဟှယ် ဆိုဘီး ငါပြောဟှယ်။ 33 အယ်ကြောန့် နန်းနို့ တယော့-က်စီနလည်း ဆိုင်ဟှယ်။ လန်ဖြစ်သူဟှာ မယားဟှို ကိုယ့်ကိုယ်ကိုယ် ရှစ်မျိုးဘဲ့ ရှစ်ရမယ်။ မယားဖြစ်ဟှူ သူဟှလည်း လန်ဟှို ရိုသေလေးစားရမယ်။