10 နန်းနို့ဟှာ သခင်ဘုရားန တလောင်းတဝဒဲဖြစ်ဘီး ကိုယ်တော်ရဲ့ တဂိုးအားဖြင့် ခိုင်ခံ့ဟှို့တွပ် ငါဟှာ နော့-က်ဆောင်းနေန မှာရှင်ပါဟှယ်။ 11 မာရ်နတ်ရဲ့ လှည့်ဇာဟှူ ဇာလေဟှို ကာကွယ်နိုင်ဟှို့တွပ် ဘုရားသခင်ဟှ ပြင်ဆင်ဟှားဟှူ လတ်နတ်စောင်လေဟှို ဝတ်ဂေ့ပါ။ 12 နို့လေဟှာ သွီးသားရှိဟှူလူလေန တိုက်ခိုက်ဂေ့ဇာ မှုဟှ။ ကောန်းဂန်မာနေဟှူ ရရာတိုင်းဆိုးဟှူ ဝိညာဉ်တဂိုးရှင်လေန၊ အယ်မှောန်လောကဟှို စိုးရဟှူ တဂိုးရှင်လေ၊ အာဏာပိုင်လေန တိုက်ခိုက်ဂေ့ရဟှယ်။ 13 အယ်ကြောန့် ဘုရားသခင်ရဲ့ လတ်နတ်စောင်လေဟှို ကိုင်ဟှားဂေ့ပါ။ အယ်မျိုးလောက်မှ ဆိုးယောက်ဟှူ ကာလ ရော့-က်လာဟှူ ခီမာ နန်းနို့ဟှာ ရန်သူတိုက်လာဟှူဇာဟှို ကာကွယ်နိုင်လေ့မယ်။ ဆောင်းထိ တိုက်ခိုက်ဟှူ ခီမာ နန်းနို့ဟှာ ရပ်နိုင်လေ့မယ်။
14 အယ်ကြောန့် ဆင်သင့်ရှိဂေ့ပါ။ သမ္မာတရားဖြစ်ဟှူ ခါးဗတ်န၊ ဖြောန့်မတ်ရှင်းဖြစ်ဟှူ ရင်ဖတ်ကာဟှူဇာဟှိုရော၊ 15 ငြီသတ်ရှင်းနဆိုင်ဟှူ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ပြင်ဆင်ဟှားဇာဖြစ်ဟှူ ခေနပ်စီးဘီး ခံရပ်ဟှားဂေ့ပါ။ 16 ယောင်ကြည်ရှင်း ဒိုင်းလွှားဟှိုလည်း မြဲဒမ်းကိုင်ဟှားဂေ့ပါ။ နန်းနို့ဟှာ အယ်ဒိုင်းလွှားအားဖြင့် မာရ်နတ်ပစ်ဟှူ မီးမြှားလတ်နတ်ဟှို ကာကွယ်နိုင်လေ့မယ်။ 17 ကယ်တန်ရှင်းဖြစ်ဟှူ သံခမှော့-က်န ဝိညာဉ်တော်ဟှပေးဟှူ ဘုရားသခင်ရဲ့ စကားတော်ဖြစ်ဟှူ ဓားဟှိုရော ယူဆောန်ဂေ့ပါ။