18 နန်းနို့ဟှို ကူညီစောန့်ရှော့-က်ဟှို့တွပ် ဘုရားသခင်ဟှို မြဲဒမ်းဆုတောန်းဂေ့ပါ။ ဝိညာဉ်တော်ပြောဟှားတိုင်း မြဲဒမ်းဆုတောန်းဂေ့ပါ။ အယ်ကြောန့် နိုးနိုးကြားကြားဟှား နေဂေ့ပါ။ ဇွဲသတ်တိလည်း ရှိဂေ့ပါ။ ခီတိုင်းမာ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ လူမျိုးတော်တွပ် ဆုတောန်းဂေ့ပါ။ 19 ငါဟောပြောဟှူ ခီမာ ဘုရားသခင်ဟှာ ငါ့ဟှို နှောက်သတ်တိဟှို ပေးဟှို့တွပ်ရော၊ ဒန်းကောန်းရဲ့ နတ်နဲဟှူ ဇာလေဟှို ရဲရဲရင့်ရင့်ဟှား ဖွမ့်ပြနိုင်အောန် ငါ့တွပ်လည်း ဆုတောန်းပေးဂေ့ပါ။
Publicidade