23 ငါ့မာ စိနှေ့ခွ ဖြစ်ဘီးနေဟှယ်။ ငါဟှာ အယ်ဘဝဟှို စွန့်ဘီးဟှာ ခရစ်တော်နတူးဒူ နေရှင်ဟှယ်။ အယ်မျိုးလောက်ဇာဟှာ ငါ့တွပ် ပိုဘီး ကျိုးရှိဟှယ်။ 24 အယ်ဘေမဲ့ နန်းနို့လေရဲ့ကျိုးလေဟှို ထော့-က်ဟှူကြောန့် ငါဟှာ အယ်ကိုယ်ခန္ဓာမာ သတ်ရှင်ဘီးနေဟှို့တွပ် ပိုဘီး ဟှာ ရေးကီးဟှယ်။