လောကမာ လန်းရောန်မျိုးဘဲ့ ထွန်းလန်းဟှူကြောန်း
12 ရှစ်ရဟှူသူလေ၊ နန်းနို့န ငါဟှာ ရှိနေဟှူခီဒူးဟှ နန်းနို့ဟှာ ငါ့စကားဟှို မြဲဒမ်း နားထောန်မျိုးဘဲ့ ငါ့နော့-က်ကွယ်မာလည်း မြဲဒမ်းနားထောန်ဘီးဟှာ ရရာတိုင်း ကြော့-က်ဟှူစိန ကိုယ့်ကိုယ်ကိုယ် ကယ်တန်ဟှို့တွပ် ကိုယ်တိုင် ကြိုးစာအားထုဂေ့ပါ။ 13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ စေတနာစိ ရှိဟှူတိုင်း ဆန္ဒရှိဟှို့န လောက်ဆောင်ဂေ့ဟှို့တွပ် နန်းနို့ထဲမာ လောက်ဆောင်တော်မူဟှူ သခင်ဟှာ ဘုရားသခင်ဖြစ်ဟှယ်။
14 နန်းနို့ဟှာ ဖြားဘဲ့လောက်လောက် ညီးတွားရှင်း၊ ဂြင်းခူရှင်း ရှိဘဲန လောက်ဆောန်ဂေ့ပါ။ 15 အယ်မျိုးလောက်မှ နန်းနို့ဟှာ ဖော့-က်ပ္လန်ဘီးဟှာ ပြစ်ကျူးလွန်နေဟှူ လူလေရှိဟှူ အယ်လောကမာ ဘုရားသခင်ရဲ့ ပြစ်တန်ဇာမှေ့ဘဲ့ဟှူ သားမီးနေန စိနှလောင်း ဖ္လူစင်သန့်ရှင်းဘီးဟှာ ပြစ်ကင်းဟှူလူလေ ဖြစ်ဂေ့လေ့မယ်။ 16 နန်းနို့ဟှာ ထာဝရသတ်န ဆိုင်ဟှူ တရားတော်ဟှို ဟောပြောဘီးဟှာ အယ်လူလေလယ်မာ ကြယ်လေမျိုးဘဲ့ လန်းဘီးဟှာ တော့-က်ပဂေ့လေ့မယ်။ အယ်မျိုးလောက်မယ် ဆိုဟှာ ငါဟှာ အားထုဘီးဟှာ လောက်ဆောန်ဇာမှန်မျှဟှာ ချည်းနှီးဖြစ်ဘဲန ခရစ်တော်ရဲ့ နေ့ရစ်မာ ငါ့မာ ဂေါင်ယူဝါကြွားဇာ ကြောန်းလေ ရှိလေ့မယ်။