ပန်းတိုင်ဟှိုကေ့ဘီး ပ္လေးဟှူကြောန်း
12 ငါဟှာ အောန်မြင်ဘီးဟှာ ပြစ်မှေ့ဟှ ဆိုဇာဟှို ပြောရှင်ဇာ မှုဟှ။ အယ်ဘေမဲ့ အယ်ဆုဟှို ငါ့ဟှိုပေးဟှို့တွပ် ယေရှုခရစ်တော်ဟှာ ငါ့ဟှို ဆွဲခေါ်ဘီး ရဟှားဟှူကြောန့် ငါဟှာ အယ်ဆုဟှို ရနိုင်ဟှို့တွပ် ကြိုးစားဘီးနေဟှယ်။ 13 ညီကို မောန်နှမလေ၊ ငါဟှာ အယ်ဆုဟှို ရဟှားဟှယ် ဆိုဘီး ထန်ဟှ၊၃.၁၃ ထန်ဟှ၊ တချို့ မူရင်းလတ်ရေးမူလေမာ ခုထိ ထန်ဟှ။ ငါလောက်ဟှူ တခုဒဲဖြစ်ဟှူဇာဟှ ငါ့နော့-က်မာ ရှိနေဟှူဇာလေဟှို မေ့ပစ်ဘီးဟှာ ငါ့ရှေ့မာ ရှိနေဟှူဇာလေနားဟှို ရော့-က်ဟှို့တွပ် စွမ်းဂူကြိုးစားဟှယ်။ 14 အယ်ကြောန့် ငါဟှာ ဆုဟှိုရဟှို့တွပ် ပန်းတိုင်ဟှို ရှေ့ရှုဘီးဟှာ ပ္လေးဟှယ်။ အယ်ဆုဟှာ ထတ်ရပ်မာ သတ်ရှင်ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ဘုရားသခင်ဟှ ဖိခေါ်ဇာဘဲ့ ဖြစ်ဟှယ်။
15 အယ်ကြောန့် ဝိညာဉ်ရေးရာမာ ကီးထွားလူလေဟှာ အယ်မျိုးစိသဘောလေ ရှိသင့်ဟှယ်။ တချို့လေဟှ တူဘဲဟှူ စိသဘောရှိမယ် ဆိုဟှာ ဘုရားသခင်ဟှ အယ်ဇာဟှို ရှင်းရှင်းလန်းလန်းဟှား ဖော်ပြပေးလေ့မယ်။