6 ဖယ်မှုဟှိုလည်း စိုးရိမ်ဘဲ့န ဖြစ်လာဟှူ မှုရာလေတွပ် ကျေးဇူးတော် ချီးမွမ်းရှင်းန ဆုတောန်းဘီးဟှာ နန်းနို့ လိုရှင်ဇာလေဟှို ဘုရားသခင်မာ တောန်းလျှော့-က်ဂေ့ပါ။ 7 အယ်မျိုးလောက်မယ် ဆိုဟှာ ဖယ်သူလည်း ကြံစည်တတ်စွမ်းနိုင်ဟှို့ မှီဘဲ့ဟှူ ဘုရားသခင်ရဲ့ ငြီသတ်ရှင်းဟှာ ယေရှုခရစ်တော်န နန်းနို့ဟှာ တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းန ကြံစည်လေဟှို ကာကွယ် စောန့်ရှော့-က်လေ့မယ်။
8 ညီကို မောန်နှမလေ၊ နိဂေါင်းချောက် ပြောရမယ် ဆိုဟှာ နန်းနို့ဟှာ ဖြောန့်မတ်ရှင်း၊ မှန်ကန်ရှင်း၊ မွန်မြတ်ရှင်း၊ စင်ကြယ်ရှင်း၊ နှစ်သက်ဇာကောန်းရှင်း၊ အသရေရှိရှင်းဖြစ်ဟှူ ကောန်းမြတ်ရှင်းလေန ချီးမွမ်းဇာဖြစ်ရှင်းလေ ရှိဟှူမျှလေဟှို နှလောင်းသွမ်းဂေ့ပါ။ 9 ငါ့နားဟှနေ နန်းနို့ကြားဘီး ဗြင်ရဟှူဇာလေဟှို ကျင့်ဂေ့ပါ။ အယ်မျိုးကျင့်မယ် ဆိုဟှာ ငြီသတ်ရှင်းရဲ့သခင် ဘုရားသခင်ဟှာ နန်းနို့နတူးဒူ ရှိလေ့မယ်။