13 ယောင်ကြည်သူလေ၊ လွတ်လပ်မှုရစေဟှို့ ဘုရားသခင်ဟှာ နန်းနို့ဟှို ခေါ်ဟှားဇာဖြစ်ဟှယ်။ အယ်ဘေမဲ့ အယ်လွတ်လပ်မှုဟှို ကြောန်းပြဘီး လူ့ဇာတိလိုဟှို ခွမ့်ပေးဂေ့န။ နန်းနို့ဟှာ ရှင်းရှင်းရှစ်ဘီး စေခံဂေ့ပါ။ 14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ "နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ ရှစ်ဂေ့ပါ" ဆိုဘီး ပြောဟှားဟှူ ပညတ်ဟှာ ပညတ်တရား တခုလောင်းရဲ့ ချောက်ခြာ ဖြစ်ဟှယ်။