19 လူ့ဇာတိန ဆိုင်ဟှူ ပြုမူလေဟှာ သိသာထန်ရှားဟှယ်။ အယ်ပြုမူလေဟှ တရားဘဲဟှူ မေထုန်ပြုဇာ၊ ညစ်ညူးဇာ၊ ကိလေသာ လွန်ကျူးဇာ၊ 20 ရောက်ထုလေ ကိုးကွယ်ဇာ၊ စုန်းပညာန ပြုစားဇာဖြစ်ဟှယ်။ လူလေဟှာ ရန်သူလေ ဖြစ်လာဘီး ရန်ဖြစ်ဇာ၊ နာလိုဇာလေဖြစ်လာဘီး ဒေါသထွပ်ဇာ၊ ဂေါင်ပြိုင်ဇာလေ ဖြစ်လာဟှယ်။ သူးနို့ဟှာ သင်းကွဲဇာ၊ ဂိုဏ်းကွဲဇာ၊ 21 ငြူစူဇာ၊ ယစ်မောဇာ၊ သော့-က်စားပျော်ပါးဇာလေ ဖြစ်ဟှယ်။ အယ်ပြုမူမျိုး လောက်ဟှူ လူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ရဟှို့မှုဟှ ဆိုဇာဟှို ရင်းရင်ဒူးဟှ ငါဒိပေးဟှားတိုင်း ခုလည်း ငါဒိပေးဟှယ်။
Publicidade