41 ရှစ်ရှင်းဘဲ့ အန္ဒြေဟှာ သူ့နောန်ရှိမုန်ဟှို တွိဟှားခီမာ "နို့လေ မေရှိယဟှို တွိဟှားဘီ" ဆိုဘီး ပြောပြဟှယ်။ မေရှိယရဲ့ ဓိပါယ်ဟှာ "ခရစ်တော်" ဖြစ်ဟှယ်။ 42 အယ်ဘီးန သူဟှ ရှိမုန်ဟှို ယေရှုနားဟှို ခေါ်ဆောန်ဟှားဟှယ်။
ယေရှုဟှာ အယ်လူဟှို ကေ့ဘီးန "နန်ဟှာ ယောဟန်ရဲ့သား ရှိမုန်ဖြစ်ဟှယ်။ အယ်ဘေမဲ့ နန့်ဟှို ကေဖ ဆိုဘီး ခေါ်ရမယ်" ဆိုဘီး ပြောလိုက်ဟှယ်။ ကေဖဟှာ ပေတရုနာမယ်န ထပ်တူဖြစ်ဘီး က္လော့-က် ဆိုဘီး ဓိပါယ်ရဟှယ်။