14 ၁၀.၁၄–၁၅ မ ၁၁.၂၇; လု ၁၀.၂၂ငါဟှာ ကောန်းမြတ်ဟှူ သိုးထီးမားဖြစ်ဟှယ်။ ဖဟှ ငါ့ဟှို သိတော်မူဘီး ငါဟှာလည်း ဖဟှို သိမျိုးဘဲ့ ငါ့သိုးလေဟှိုလည်း ငါသိဘီး ငါ့သိုးလေဟှလည်း ငါ့ဟှိုသိဟှယ်။ 15 ငါဟှာ သိုးလေတွပ် ငါ့သတ်ဟှို စွန့်ဟှယ်။ 16 အယ်သိုးခြံထဲဟှို ဝမ်ဘဲဟှူ တခြားသိုးလေဟှိုလည်း ငါပိုင်သေးဟှယ်။ အယ်သိုးလေဟှိုလည်း ငါခေါ်သွမ်းရအူးမယ်။ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့-က်ဒဲ ဖြစ်လာလေ့မယ်။၁၀.၁၆ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့-က်ဒဲ ဖြစ်လာလေ့မယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ သူးနို့ဟှာ သိုးထီးမားတယော-က်ဒဲ၊ သိုးစုတစုဒဲ ဖြစ်ဟှားလေ့မယ်၊ ဆိုဘီး ပါရှိဟှယ်။