အောန်ဗွဲခံဘီး ယေရုရှလင်ဗြို့ဟှို ဝမ်တော်မူဟှူကြောန်း
12 နော့-က်နေ့မာ ပသခါပွဲတော်ဟှို လာဟှူ လူအောက်ဂီးဟှာ ယေရုရှလင်ဗြို့ဟှို ယေရှုကြွလာတော်မူကြောန်းဟှို ကြားလိုက်ဟှယ်။ 13 အယ်ကြောန့် သူးနို့ဟှာ စွန်ပလွံခတ်လေဟှို ယူဘီး ကိုယ်တော့်ဟှို ကြိုဆိုဟှို့သွားဂေ့ဘီး "ဟောရှဏ္ဏ! ဘုရားသခင်ရဲ့ နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိတော်မူဟှယ်! ဣသရေလမန်းဂီးဟှာ မင်္ဂလာရှိတော်မူဟှယ်!" ဆိုဘီး ကြွေးကြော်ဂေ့လေဟှယ်။