13 ဖရဲ့ ဖောင်းသရေတော်ဟှာ သားတော်အားဖြင့် ထန်ရှားဟှို့တွပ် ငါ့နာမန နန်းနို့တောန်းဇာမှန်မျှ ငါလောက်မယ်။ 14 နန်းနို့ဟှာ ငါ့နာမန တခုခုဟှို ငါ့နားမာ၁၄.၁၄ တချို့ မူရင်းလတ်ရေးမူလေမာ ငါ့နားမာ၊ ဆိုဇာဟှာ မှေ့ဟှ။ တောန်းမယ် ဆိုဟှာ အယ်တိုင်း ငါပြုမယ်။
သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပေးဟှို့တွပ် ဂဒိတော်ကြောန်း
15 "နန်းနို့ဟှာ ငါ့ဟှို ရှစ်ဟှယ် ဆိုဟှာ ငါ့ပညတ်တော်လေဟှို လိုက်နာဂေ့လေ့မယ်။ 16 ငါဟှာ ဖဟှို တောန်းလျှော့-က် လိုက်ဟှူကြောန့် နန်းနို့နတူးဒူ ထာဝရနေထိုင်ဟှူ ကူညီမဇသူ တပါးဟှို ပေးတော်မူလေ့မယ်။