16 ငါဟှာ ဖဟှို တောန်းလျှော့-က် လိုက်ဟှူကြောန့် နန်းနို့နတူးဒူ ထာဝရနေထိုင်ဟှူ ကူညီမဇသူ တပါးဟှို ပေးတော်မူလေ့မယ်။ 17 သူဟှာ ဘုရားသခင်နဆိုင်ဟှူ သမ္မာတရားဟှို ဖွမ့်ပြပေးဟှူ ဝိညာဉ်တော်ဖြစ်ဟှယ်။ အယ်လောကဟှာ အယ်ဝိညာဉ်တော်ဟှို ဗြင်ဂေ့ဟှ။ သိဂေ့ဘဲဟှူကြောန့် အယ်ဝိညာဉ်တော်ဟှို လတ်ခံဂေ့ဟှ။ အယ်ဘေမဲ့ နန်းနို့ဟှာ အယ်ဝိညာဉ်တော်ဟှို သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူဟှာ နန်းနို့နတူးဒူး နေတော်မူနေဘီး နန်းနို့ထဲမာ ရှိနေတော်မူဟှယ်။၁၄.၁၇ ရှိနေတော်မူဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ ရှိလေ့မယ်၊ ဆိုဘီး ပါရှိဟှယ်။
18 "ငါဟှာ နန်းနို့ဂူလောင်းဟှို ခိုကိုးရာမဲ့ ထားရစ်ဇာ မှုဟှ။ ငါဟှာ နန်းနို့နားဟှို ပ္လန်လာရအူးမယ်။