4 ငါ့နှိုက် ရှိနေဂေ့။ အယ်ဆိုဟှာ ငါဟှလည်း နန်းနို့ထဲမာ ရှိနေလေ့မယ်။ ခတ်ဟှာ သူ့ကိုယ်သူ သီးသီးနိုင်ဟှ။ စဗျစ်နွယ်ဗန်မာရှိနေမယ် ဆိုဟှာ အယ်ခတ်ဟှာ သီးသီးနိုင်ဟှယ်။ အယ်မျိုးဘဲ့ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ သီးသီးနိုင်ဂေ့ဟှ။"
5 "ငါဟှာ စဗျစ်နွယ်ဗန်ဖြစ်ဟှယ်။ နန်းနို့ဟှာ ခတ်လေဖြစ်ဟှယ်။ ငါ့နှိုက် နန်းနို့ရှိနေဘီး နန်းနို့နှိုက် ငါရှိနေမယ် ဆိုဟှာ နန်းနို့လေဟှာ သီးလေဘောင်ဂီး သီးဂေ့လေ့မယ်။ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ နန်းနို့ ဖြားဇာလည်း လောက်နိုင်ဂေ့ မှုဟှ။