21 သူးနို့လေ ဂူလောင်းဟှာ တလောင်းတဝဒဲ ဖြစ်စေဟှို့ ကျွန်တော်ဆုတောန်းဟှယ်။ ဖ! ကိုယ်တော်ဟှာ ကျွန်တော့်ထဲမာရှိဘီး ကျွန်တော်ဟှာလည်း ကိုယ်တော်ထဲမာ ရှိနေမျိုးဘဲ့ သူးနို့ဟှိုလည်း ကျွန်တော့်ဟှားလေထဲမာ ရှိတော်မူစေပါ။ ကျွန်တော့်ဟှို ကိုယ်တော်စေလွှတ်တော်မူဟှယ် ဆိုဇာဟှို လောကသားလေ ယောင်ကြည်လာစေဟှို့တွပ် သူးနို့ဟှို တလောင်းတဝဒဲ ဖြစ်စေတော်မူပါ။
Publicidade